လက်ရှိနိုင်ငံရေးအခြေအနေအရပ်ရပ်အပေါ် မဒမခ ၏ သဘောထား

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ မူလ ရည်မှန်းချက်များဖြစ်သော နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး လုပ်ငန်းစဉ်များကို နိုင်ငံရေးအရ တန်းတူရည်တူ ဆွေးနွေးပွဲများ၏ သဘောတူညီမှုများအရသာလျှင် အကောင်အထည်ဖေါ် ဆောင်ရွက်နိုင်လိမ့်မည်၊ စစ်အုပ်စုက လွှမ်းမိုးထားသော ဟန်ပြ လွှတ်တော်အတွင်းမှတဆင့် ၎င်းရည်မှန်းချက်များကို ဖေါ်ဆောင်သွားရန်မှာ မဖြစ်နိုင်ဟု ယုံကြည်သည်။

[+] Read full story

မြန်မာပြည် လက်နက်ကိုင်တိုက်ပွဲများအပေါ် ထုတ်ပြန်ကြေညချက်

စစ်အာဏာရှင်လက်အောက်ခံ ကြံ့ဖွတ်အစိုးရသည် ပြည်သူလူထုအရေးထက် တရုတ်တို့၏ အကျိုးကိုသာ ဦးစားပေး လုပ်ဆောင်သွားမည်ဖြစ်ရာ ပြည်သူများအနေဖြင့် စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးတိုက်ပွဲကို မလွှဲမသွေ ဆင်နွှဲကြရပေလိမ့်မည်။ ထိုမြင့်မားသောလုပ်ငန်းစဉ်ကြီးအတွက် လူမျိုးမခွဲ၊ အဆင့်အတန်းမခွဲဘဲရရာလက်နက် ရှိရာ အင်အားနှင့် တတ်နိုင်သမျှပူးပေါင်း တိုက်ပွဲဆင်ဖို့ လိုအပ်ပေသည်။ လူထုစစ်ပွဲသဏ္ဍန်ကို ဖော်ဆောင်ကြရပါလိမ့်မည်။

[+] Read full story

ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ ဥက္ကကြီး ခူထဲဘူးဖဲ ကွယ်လွန်အနိစ္စရောက်ခြင်းအပေါ် (မဒမခ)မှ ဝမ်းနည်းကြောင်းသဝဏ်လွှာ ပေးပို့

ကရင်နီအမျိုးသား တိုးတက်ရေးပါတီ၏ ဥက္ကဋ္ဌကြီး ခူထဲဘူးဖဲသည် ၂ဝ၁၁ ခုနှစ်၊ ဇန်နဝါရီလ (၂၇)ရက်နေ့တွင် ကွယ်လွန်အနိစ္စရောက်သွားကြောင်း မိမိတို့ မြန်မာပြည် ဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ချုပ် (မဒမခ) မှ ဝမ်းနည်းစွာ သတင်းရရှိပါသည်။

[+] Read full story

မြန်မာပြည်ဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ချုပ်(မဒမခ) တိုက်ပွဲသတင်းထုတ်ပြန်ချက်(၂/၂ဝ၁ဝ)

KNU တောင်ငူခရိုင် KNLA တပ်မဟာတ် (၂) ဒေသအတွင်း အလှုပ်ရှားလျှက်ရှိသော (DAB) စစ်ဒေသ အမှတ်(၁)စစ်ကြောင်းသည် တောင်ငူ-လှိုင်ကော်ကားလမ်းတွင်တည်ရှိသော လိပ်သိုလ်မြို့ရှိ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ ခလရ-၆၀၃ တပ်ရင်းကို ၆၊၁၂၊၂၀၁၀ နံနက် ၀၅း၃၀ မှ ၀၅း၅၀ နာရီအထိ ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

[+] Read full story

မြန်မာပြည်ဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ချုပ်(မဒမခ) တိုက်ပွဲသတင်းထုတ်ပြန်ချက်(၁/၂ဝ၁ဝ)

တိုင်းမှူးဗိုလ်ချုပ်စိုးထွဋ် ဦးစီးသည့် တောင်ပိုင်းတိုင်း စစ်ဌါနချုပ်စခန်းကို ဒုံးကျည်(၂)လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သည်၊ ၄င်းဒုံးကျည် (၂)လုံးသည် ရန်သူ တိုင်းစစ်ဌါနချုပ် ပစ်မှတ်အတွင်း တိကျစွာကျရောက်ပြီး ပေါက်ကွဲခဲ့သည်၊ ယင်းပေါက်ကွဲမှုကြောင့် တောင်ပိုင်းတိုင်း စစ်ဌါနချုပ်အတွင်းရှိ ရန်သူ (၇ဝ) ကျော် ထိခိုက်။ကျဆုံး ဒဏ်ရာရရှိကြောင်းနှင့် ထိခိုက်ဒဏ်ရာရရှိသူ (၅ဝ)ကျော်ခန်၌သည် တောင်ငူဆေးရုံကြီး၌ ဆေးကုသမှု ခံယူနေရကြောင်း ခိုင်လုံသော သတင်းရရှိသည်။

[+] Read full story